#LocalNews
Published_8 May 2022

 

ကျားဖောင်လုပ်ငန်းသို့ လုပ်အားခခေါင်းပုံဖြတ်ယူပို့ဆောင်ပေးသူများကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

 

ယင်းမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ်ရှိမောင်-----အား ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းလင်းထွန်း(ခ) ကောင်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ အောင်ဗလ(ခ) ဗလကြီးတို့က ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း” ကျားဖောင်သို့ ပို့ဆောင်ပေးကာ နှစ်လခန့် လုပ်ကိုင်ခဲ့သော လုပ်အားခ ငွေ ၇ သိန်းကို ကာယကံရှင်အားမပေးဘဲ ခေါင်းပုံဖြတ်ရယူခဲ့သော အမှု ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကိစ္စကြောင့် ဒလမြို့မရဲစခန်း တွင် (ပ)၂၀၈၆/ ၂၀၁၉ ဖြင့် အမှုဖွင့်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် ၎င်းတို့ နှစ်ဦးကို အရေးယူ၍ တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ခြင်း ဖြစ်ကာ မေလ ၅ ရက် တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group