#LocalNews
Published - 6 May 2022

 

လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့ကျောက္ကာလမ်းရှိ သစ်ပင်ကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ဒီကနေ့ မေလ ၆ ရက်၊ နံနက်အစောပိုင်းအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

သစ်ပင်ပြိုလဲကျမှုကို မုံရွာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ရပြီး ယင်းဖြစ်စဥ်ကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

 

ymg/kg
#Yangon_Media_Group