#LocalNews
Published - 5 May 2022

ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်လိုက်ပါတယ်။

 

ဖြစ်စဥ်မှာ မေလ ၃ ရက်နေ့၊ မွန်းလွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၅၈ A လမ်းနှင့် ၁၁၀ A လမ်းထောင့်ရှိ အိမ်အမှတ် ဖ-၂/၅၈(က)အား သတင်းအရ ၀င်ရောက်ရှာဖွေရာ ယင်းကဲ့သို့ သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

 

ရှာဖွေစဥ် နေအိမ်ခြံ၀င်းအတွင်း CANTER အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ရဲ၀င်းနိုင်(ခ)ကိုရဲ၊ ကျော်ရဲထွန်းနှင့် ဒေါ်သက်သက်၀င်းတို့အားတွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၄.၃၇ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၆ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့ကြောင့် ရဲ၀င်းနိုင်(ခ)ကိုရဲ(၃၂)နှစ်၊ ကျော်ရဲထွန်း(၃၀)နှစ်နှင့် ဒေါ်သက်သက်၀င်း (၄၅)နှစ်တို့အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေ ာဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓါတ်ပုံ - CCDAC MYANMAR

 

ymg/kg
#Yangon_Media_Group