#LocalNews
Published_2 May 2022

 

ဂျပန်နိုင်ငံတိုကျိုတွင် မြောက်ဦးယူနက်စကိုဝင်နိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကြေးဖြည့်စွမ်း ကူညီနိုင်ရန် Arakan Fc က ကြီးမှူး၍ ဘောလုံးပြိုင်ပွဲနှင့် ရိုးရာကျင်ပွဲတစ်ခုကို မေလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရည်ရွယ်ချက်ကတော့ မြောက်ဦးယူနက်စကိုဝင်ဖို့ ရန်ပုံငွေရရှိချင်တာ အဓိကဖြစ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးတွေကိုလည်း စည်းစည်းရုံးရုံး ဖြစ်အောင်ဆိုတဲ့ သဘောဖြစ်ပါတယ်၊ အဲဒီနေ့က အလှူငွေတွေ ထည့်ကြတယ်၊ အသင်းဝင်ကြေး ကောက်တာတွေလုပ်တယ်။နောက်ပြီးတော့ အားကစားအင်္ကျီရောင်းတာနဲ့ ထမင်းဗူးအစားအသောက်တွေရောင်းတာတွေလည်း လုပ်ခဲ့ပါတယ်"ဟု Arakan Fc အသင်း ဖြစ်မြောက်ရေး တာဝန်ခံကိုညီညီအောင်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိသည့်အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ၆ သိန်းကျပ် ချီးမြှင့်ခဲ့ကာ ရိုးရာကျင်ပွဲတွင်လည်း ပထမဆုရရှိသည့်သူကို ငွေကျပ် ၂သိန်း၊ ဒုတိယဆုကို ကျပ် ၁ သိန်းစီဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group