#Local News
Published-2 May 2022

 

လတ်တလောမှာ ကလေးငယ်တွေအနေနဲ့ ဖျားနာတာ၊ အပူကြီးတာ၊ အထက်လန်အောက်လျှောတာတွေ အဖြစ်များနေတယ်လို့ ဝေဘာဂီဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောပါတယ်၊၊

 

"ရာသီဥတုနည်းနည်းပူတော့ ဖျားကြတာပေါ့၊၊ အဖျား အပူကြီးကြတယ်၊၊ အချို့ကလေးတွေဆိုရင် အပူကြီးလို့ တက်တတ်တဲ့ ကလေးတွေဆိုရင် တက်လာတယ်၊၊ အထက်လန်အောက်လျှောလေးဖြစ်ကြတယ်၊၊ ရာသီချိန်ဖျားတယ်ပေါ့နော်၊၊ အထက်လန်အောက်လျှောကများတယ် အန်တယ်၊၊ဝမ်းလျောတယ်၊၊ အပူကြီးတယ် အပူကြီးတယ်ဆိုတာ ချောင်းဆိုးနှာစေးမဖြစ်ဘဲ အပူပဲတက်လာတာ၊၊ အစားအသောက်တွေမသန့်လို့ ယင်နားစာတွေစားလို့ အန်ကြတယ်၊၊ ဝမ်းလျှောတယ်ပေါ့ အဲဒါတွေအဖြစ်များနေပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊

 

ကလေးငယ်တွေကို ပန်းခြံထဲမှာ ကစားခိုင်းထားချိန်မှာ အပူရှပ်နေတာ၊ အပူကြီးနေတာဖြစ်ပွားနေတာဖြစ်ပြီး နေ့ခင်းနေ့လယ် အပူချိန်ပြင်းတဲ့အခါမှာ အပြင်ခေါ်သွားတာမျိုး၊ ကစားခိုင်းထားမျိုးမပြုလုပ်သင့်ဘူးလို့ ဒေါက်တာခင်ခင်ထားက အကြံပြုပြောပြထားပါတယ်၊၊

 

ကလေးငယ်တွေအနေနဲ့ မနက်(၁၀)နာရီမှနေ့လယ်(၃)နာရီအတွင်း အပူတိုက်ရိုက်ကျမယ့် နေရာတွေမှာနေထိုင်တာ၊ သွားလာတာတွေ မလုပ်သင့်သလို မသန့်ရှင်းတဲ့အစားအစာတွေကိုလည်း မစားသင့်ဘူးလို့လည်း သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group