#LocalNews
Published_29 April 2022

 

ထိုင်း မြန်မာနယ်စပ် မဲဆောက် - မြဝတီ နှင့် ရနောင်းဘက်ခြမ်းမှ မေလတစ်ရက်ကစ၍ Border Pass ဖြင့် ထိုင်းနိုင်ငံကို ဝင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးနှံထားသူများ၊ကိုဗစ်ကာကွယ်ဆေး မထိုးနှံထားရသူများ (သို့မဟုတ်) ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားရသေးသည့် သူများအနေဖြင့် မြဝတီ-မဲဆောက် နယ်စပ်ဘက်ခြမ်းတွင် နေထိုင်သည့်ကာလ ၃ ရက်ထက်ကျော်သည် ဖြစ်စေ၊မကျော်သေးသည်ဖြစ်စေ စည်းမျည်းဥပဒေအတိုင်း Passport ဖြင့် နယ်စပ်ဖြတ်ကျော် Border Pass ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရာတွင် Self -ATK ဖြင့် ကိုဗစ်စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

Thailand Pass ဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်ကာကွယ်ဆေးထောက်ခံစာ တင်ပြနိုင်ပါက ကွာရန်တင်းဝင်ရန်မလိုဘဲ Self-ATK ကိုဗစ်စစ်ကြရမည်ဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသူများအနေဖြင့် RT-PCR နည်းဖြင့်ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ကိုဗစ်ကူးစက်ခံထားရကြောင်း အဖြေထွက်လျင် ကွာရန်တင်း ၅ ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း မဲဆောက်နှင့် ရနောင်းခရိုင် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group