ရန်ကုန်ဩဂုတ် ၁၃-

ငွေစက္ကူအချို့ရုတ်သိမ်းပြီး ဘဏ်အချို့ပိတ်မယ် လို့ ပြောဆိုနေကြတဲ့ သတင်းတွေဟာ ကောလာဟလတွေဖြစ်တယ်လို့ ဗဟိုဘဏ်က ဒီကနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ပါတယ်။

“ လက်ရှိဖြစ်ပေါ်‌နေသော အခြေအနေပေါ်မူတည်၍ ကျပ် ၅၀၀၀ တန်။ ကျပ် ၁၀၀၀၀ တန် ရုပ်သိမ်းမည်ဆိုပြီး ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်လျက်ရှိကြောင်းသိရပါသည်။ အဆိုပါ ကောလာဟလ သတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး ဘဏ်များတွင် ငွေများထုတ်ယူနေကြောင်း ကြားသိနေရပါသည်” လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘဏ်တွေဟာ သတ်မှတ်ချက်တွေနှင့် အညီ ခိုင်မာစွာဝန်ဆောင်မှဒပေးနေတယ်လို့လည်း ဗဟိုဘဏ်က ဆက်ပြောပါတယ်။

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့ ညွှန်ကြားထားပြီးဖြစ်တယ် လို့လည်း အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဗဟိုဘဏ်က ရှင်းလင်းပြောကြားထားပါတယ်။