#Local_News
Published_ 27 April 2022

 

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နောက်နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်း၌ အမြင့်ဆုံး ၃၉ ဒီဂရီစင်တီဂရိတ်/ ၁၀၂ ဒီဂရီ ဖာရင်ဟိုက်အထိရှိနိုင်ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

 

ထို့ပြင် မုံရွာနှင့် မကွေးတို့တွင်လည်း အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်/ ၁၀၈ ဒီဂရီဖာရင်ဟိုက်အထိ ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။

 

ဧပြီ ၂၆ ရက်နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဧပြီလ၏ပျမ်းမျှ အပူချိန်ထက် (၅) ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိပိုခဲ့တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီ စင်တီဂရိတ်ပိုခဲ့သော်လည်း ကချင်ပြည်နယ်၌ ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group