#Local News
Published-26 April 2022

 

ဂျပန်နိုင်ငံကို ပညာတော်သင်သွားရောက်သင်လိုသူတွေအတွက် လာမယ့်မေလ(၄)ရက်မှာ ပညာတော်သင်ဆွေးနွေးပွဲကို မြန်မာနိုင်ငံအခြေစိုက်ဂျပန်သံရုံးကကြီးမှူးကျင်းပသွားမှာ ဖြစ်ပါတယ်၊၊

 

၂၀၂၂ ခုနှစ်မေလရဲ့ ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက မြန်မာနိုင်ငံအခြေစိုက် ဂျပန်သံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာကြည့်ရူနိုင်ပြီးအွန်လိုင်းzoomလင့် https://forms.gleLor18eE35RhuaNFb8 မှတစ်ဆင့် ပါဝင်လျှောက်ထားဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

 

အဲဒီ့ပညာတော်သင်ဆွေးနွေးပွဲအကြောင်း ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ ဒေါက်တာသင်းအေးအေးကို (MAJA)နဲ့ ဒေါက်တာသူသူနွယ်အေး (OJEIC Associate Coordinator)တို့ဖြစ်တယ်လို့ သိရပါတယ်၊၊

 

ဂျပန်သံရုံးအနေနဲ့ ၂၀၂၂ခုနှစ်မေလမှစတင်ပြီး တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပြီးဇွန်လရဲ့ အချိန်ဇယားကို မကြာမီ ထပ်မံကြေညာသွားမှာပဲဖြစ်ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group