#LocalNews
Published_26 April 2022

 

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်ဘတ်စ်ကားများ ပြောင်းလဲပြေးဆွဲရန် Omni Focus ကုမ္ပဏီကအဆိုပြုထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနက သိရသည်။

 

ယင်းအဆိုပြုချက်နှင့်ပတ်သက်၍ မူဝါဒချမှတ်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရေး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသည့်အတွက် စီစဉ်နေကြောင်းလည်းသိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိအသုံးပြုနေသော မီးရထားနှင့် မော်တော်ယာဉ်များကို လျှပ်စစ်ဖြင့် အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှု ချွေတာနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပြောကြားထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ Yangon Region Public Transport Committee (YRTC) အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသုံးယာဉ်လိုင်းအချို့နေရာတွင် လျှပ်စစ်ကားများဝင်ရောက်ပြေးဆွဲရေးအတွက် ယာဉ်လိုင်းကုမ္ပဏီအချို့ထံ သဘောထားတောင်းခံထားကြောင်းလည်း သိရသည်။

 

လက်ရှိတွင် YBS ယာဉ်လိုင်းနံပါတ် ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊လေဆိပ်-ဆူးလေ ယာဉ်လိုင်းများကို Omni Focus ကုမ္ပဏီက ပြေးဆွဲပေးလျက် ရှိသည်။

 

ymg/mt
#Yangon_Media_Group