#LocalNews
Published - 25 April 2022

 

မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီဌားစီးပြီး ဆိုင်ကယ်သမားကို ရာဘာခြံထဲ၌ ရိုက်သတ်ကာ အဆိုပါ ဆိုင်ကယ်အား လုယူထွက်ပြေးသည့်ဖြစ်စဥ်တစ်ခု ဒီကနေ့ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်ခန့်က မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ ရာဘာခြံထဲတွင် ဆိုင်ကယ် တက္ကစီသမားတစ်ဦး သေဆုံးနေကြောင်းရပ်ကွက် နေပြည်သူက သတင်းပေးပို့မှုအရ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ဘိုဘိုဝင်း (Rescue) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ ရတာဖြစ်ပါတယ်။

 

ထိုသို့ စစ်ဆေးခဲ့ရာတွင် ဆိုင်ကယ်တက္ကစီဌားစီးပြီး ဆိုင်ကယ်သမားကို ရိုက်သတ်၊ဆိုင်ကယ်နှင့်ဖုန်းလုပြေးသွား‌သည့် ‌ပုံစံဖြစ်နေသဖြင့် သေဆုံးသူအား လိုအပ်သည့်များကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မော်လမြိုင်ဆေးရုံကြီး OPD မှတစ်ဆင့်ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ဘိုဘိုဝင်း (Rescue)အဖွဲ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

သေဆုံးသွားသည့် ဆိုင်ကယ်တက္ကစီမောင်းနှင်သူမှာ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်နေ ထော့မယ်ပါတက္ကစီဆိုင်ကယ်ယာဥ်မောင်း မောင်ကျော်ထူးဖြစ်ပြီး ၄င်းသည် ကလေးတစ်ယောက်ဖခင်ဖြစ်တယ်လို့ ကြားသိရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

 

Photo - ဘိုဘိုဝင်း (Rescue)

 

ymg/kg
#Yangon_Media_Group