ရန်ကုန်ဩဂုတ် ၁၁
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေ ပိတ်သိမ်းကြောင်း အမိန့်အမှတ်၁၇၂/၂၀၂၁ ကို ယနေ့ ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့်
နစက ကထုတ်ပြန်လိုက်ပါတယ်။
 
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်မီ ပြစ်မှဒတစ်ခုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးတွေမှာ စွဲဆိုခံရပြီး ကြားနာစစ်ဆေးနေဆဲ (သတ်မှတ်ထားတဲ့ အမှုအချို့မှ အပ) ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရမည်လို့ အမိန့်မှာ ပါရှိပါတယ်။
အမိန့်မှာ အကျုံးမဝင်တဲ့အမှုတွေက
 
- ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပါပြစ်မှုများ
- လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါပြစ်မှုများ
- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပါပြစ်မှုများ( အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏ အပိုဒ်၂(စ)နှင့် (ဆ)ပါပြစ်မှုများမပါ)
- မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ
- နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)
- အကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)) များအရ စွဲဆိုထားသောအမှုများ
- ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအမှုများ
- တရားရုံးတွင် ဦးတိုက်လျှောက်ထား စွဲဆိုထားသော အမှုများ
- သက်ဆိုင်ရာ တရားရုံးအဖွဲ့အစည်းက လုံလောက်သော အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းမပြုသင့်ကြောင်း ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့ မတိုင်မီ တရားရုံးတွင် လျှောက်ထားသည့်အမှုများ လို့ပါရှိပါတယ်။
 
အလားတူ အမိန့်ကြေညာစာတစ်ရပ်ကို ၂၀-၇-၂၀၂၁ ရက်ကလည်း အမိန့်အမှတ် ၁၄၇/၂၀၂၁ ကို ထုတ်ပြန်ပြီး အမှုများမှ လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။
-