#LocalNews
Published_19 April 2022

 

သီလဝါ ဆီသိုလှောင်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်များမှာ ဓာတ်ဆီ ဂါလံ ၄၅ သန်း ၊ ဒီဇယ်ဂါလန် သန်း ၇၀ ခန့် ရှိနေ၍ လောင်စာဆီလုံး၀ မပြတ်လပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

လူမှုကွန်ရက်၌ "သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်"ဆိုသည်မှာလည်း ကောလဟလသတင်းမှားများသာဖြစ်ပြီး လက်ရှိ ဆိပ်ကမ်းတွင် တန်နှစ်သောင်းဆံ့ ဆီသင်္ဘောနှစ်စီး ရောက်ရှိနေကြောင်း ၊ထို့ကြောင့် လောင်စာဆီ လုံး၀ ပြတ်လပ်မှုမဖြစ်ပေါ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့အပြင် မြန်မာနိုင်ငံသို့ ဆီဆင်သွင်းသည့် လုပ်ငန်းစဉ်မှာ လူမှုကွန်ရက်တွင်ရေးသားနေကြသည့် တရုတ်ပြည် ၊ သီရိလင်္ကာကတစ်ဆင့် ကြားခံပြီး တင်သွင်းနေရသည်ဆိုခြင်းမှာ မဟုတ်ဘဲ စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံ နှင့် ကိုရီးယားနိုင်ငံတွေက အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်းနှင့် ဌာနခွင့်ပြုချက်တောင်းခံ၍ ပြင်ဆင်နေသည့် စက်သုံးဆီဆိုင်များကလွဲ၍ ပိတ်ထားရသည့် စက်သုံးဆီဆိုင်များလည်း မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

ymg/mt
#Yangon_Media_Group