#LocalNews
Published - 19 March 2022

 

မေလအတွင်း ဖွင့်လှစ်မယ့်ဆိုတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းတချို့ကို ခေတ္တရက်ရွေ့ဆိုင်းလိုက်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ပြန်လည်ကြေညာလိုက်ပါတယ်။

 

မေလ ၁၂ နေ့မှာ ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ ကော်လိပ်တွေရဲ့ ဘာသာရပ်အားလုံးကို ပြန်ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။

 

ယခုအခါ အဝေးသင်တက္ကသိုလ် ဝိဇ္ဇာအထူးပြု နောက်ဆုံးနှစ် ဒုတိယသုတ်နဲ့ တတိယသုတ်တို့ရဲ့ အနီးကပ်သင်တန်းတွေကို ခေတ္တရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

 

ဒါ့အပြင် အဝေးသင်တက္ကသိုလ်သင်တန်းအသီးသီးအတွက် စာစဉ်ပို့ချဆွေးနွေးမှုတွေနဲ့ အသံလွှင့်ပို့ချချက်တွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အနီးသင်တန်းအချိန်စာရင်းကို အချိန်မီအသိပေး ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ymg/ei
#Yangon_Media_Group