#Local_News
Published - 10 Apr 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဧပြီလ ၈ ရက်နေ့ ညနေ ၅နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် ဇော်နိုင်လင်း မောင်းနှင်ပြီး ၀င်းမြင့်(ခ)သိန်းဝင်း၊ သန်းထွန်းဇော်(ခ)သားကြီး တို့လိုက်ပါလာသည့် Fielder မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၉၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ယင်းနေ့ ၁၀ နာရီ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ မြင်းခြံလမ်းတွင် လမ်းလျှောက်လာသူ စိုင်းထက်အောင်(ခ)ကိုပိန် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ ဇော်နိုင်လင်း(၃၀)နှစ်၊ ၀င်းမြင့်(ခ) သိန်းဝင်း (၅၂)နှစ်၊ သန်းထွန်းဇော်(ခ)သားကြီး(၃၄)နှစ် နှင့် စိုင်းထက်အောင်(ခ)ကိုပိန်(၂၆)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group