Published-9 August 2021
 
ဩဂုတ်လ၈ရက်နေ့ ညပိုင်းက မန္တလေးတိုင်းဒေသကြီးအိုဘိုထောင် ဆူပူမှုဖြစ်စဉ်ဟာ အချိန်၅မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး တရားတော်များဖွင့်လှစ်ခြင်းမှာ အကျဉ်းသားများ တရားနာယူရန်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ဩဂုတ်လ ၈ရက်နေ့ညပိုင်းဖြစ်စဉ်နဲ့ ပတ်သတ်ပြီးYangon Timesက ဆက်သွယ်မေးမြန်းရာ အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က"ည၉နာရီက မီးပိတ်အိပ်ဖို့ သံချောင်းခေါက်တဲ့အချိန်မှာ အကျဉ်းထောင်အိပ်ဆောင် ၃ အပေါ်ထပ်အခန်း ၁၊ ၂၊ ၃ထိမ်းသိမ်းထားတဲ့ ၅၀၅ နဲ့အမှုဖွင့်လှစ်ထားပြီး တရားဆွဲဆိုထားတဲ့ အချုပ်သားတွေဟာ အခန်းထဲကနေပြီးတော့မှ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး၊ အကျဉ်းသားမျယ လွတ်မြောက်ရေး ကြွေးကြော်ခဲ့တယ်၊ သွေးသစ္စာသီချင်းဆိုတယ်၊ ကြားကြားချင်း အိပ်ဆောင်မှူးက သွားရောက်တာမြစ်တယ်၊ အိပ်ဆောင်မှူးတားမြစ်တာလက်မခံပဲ အိပ်ဆောင်မှူးက တာဝန်ခံအရာရှိကို သတင်းပို့တယ်၊ တာဝန်ခံအရာရှိရောက်လာပြီး ဝိုင်းဝန်းထိမ်းသိမ်းတဲ့အခါ ကြွေးကြော်သံတွေ၊ သီချင်းဆိုတာတွေရပ်သွားတယ်" ဟု ဦးချမ်းအေးကျော်က ပြော ကြားပါတယ်။
 
ဆက်လက်ပြီး ထောင်အတွင်းမှ တရားတော်များ ဖွင့်လှစ်ရခြင်းနဲ့ ပတ်သတ်ပြီး ဦးချမ်းအေးကျော်က" ပါဝင်တာက အကျဉ်းသား၃၀နဲ့  ၄၀ကြားလောက်ပါပဲ။ အကျဉ်းထောင်တွေမှာ ဆရာတေ်ဘုရားကြီးတွေရဲ့ တရား၊ ပရိတ်၊ ပဋ္ဌာန်းရွတ်တဲ့ တရားတော်တွေ ပုံမှန်အတိုင်းဖွင့်ပါတယ်။ အကျဉ်းသားတွေတရားဘာဝနာပွားလို့ရအောင် ဖွင့်ပေးတာပါ။ ပုံမှန်ဖွင့်ပါတယ်။ သူတို့ဆူလို့မဟုတ်ပါဘူးဟု" ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
မကြာသေမီ လပိုင်းအတွင်းကလည်း ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာလည်း ဆူပူမှုဖြစ်ပွားခဲ့ပါတယ်။