#LocalNews
Published - 7 April 2022

 

နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အစီအစဉ်ကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ရမည်းသင်းမြို့အပန်း ဖြေစခန်းဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သည့် "Resort" မဟုတ်ကြောင်း အဆိုပါအပန်းဖြေစခန်းမှ ဒီကနေ့မှာ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

 

"သားငယ်လေး ထူးလပြည့်ဝန်း အဲ့ဒါကြောင့် အပန်းဖြေစခန်းကို 'ထူး'လို့အမည်ပေးထားတာပါ"လို့ အဆိုပါအပန်းဖြေစခန်း၏ ပိုင်ရှင်ဖြစ်သူက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရပါတယ်။

ဒါ့အပြင် ရမည်းသင်းမြို့ရှိ 'ထူး' အပန်းဖြေစခန်းသည် ဦးတေဇ(ထူး)နှင့် အမည်တူရုံမှလွဲ၍ မည်သည့်အကြောင်းမျှ ဆက်စပ်မှု၊ သက်ဆိုင်မှု(လုံးဝ)မရှိကြောင်းနှင့် နိုင်ငံရေးအဖွဲ့အစည်းများနှင့်လည်း ပတ်သက်ဆက်နွယ်မှုအလျင်းမရှိကြောင်း ဒီကနေ့မှာ ၄င်းတို့၏ တရားဝင်ဖေ့ဘုတ်ကနေတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့တာပါ။

 

အဆိုပါအပန်းဖြေစခန်းတွင် သင်္ကြန်ပွဲတော်ရက်များကာလအတွင်း နာမည်ကြီးအဆိုတော်များဖြစ်တဲ့ ထူးအယ်လင်း၊ သာဒီးလူ၊ ဝန တို့ အပါအဝင် Chocolate၊ Snow၊ Su၊ ပိုးပိုး၊ Dancer & DJ
တို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြဖို့ဖိတ်ခေါ်ထားတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။

 

ထိုသို့ စီစဥ်ထားမှုအပေါ် လူထုရဲ့ဝေဖန်မှုတွေက မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

 

ယင်း 'ထူး'အပန်းဖြေစခန်းဟာ ရမည်းသင်းမြို့၊ကျီးနီကန်ဘောင်အနောက်ဘက်မှာ တည်ရှိတဲ့
အပန်းဖြေစခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

ymg/kg
#Yangon_Media_Group