#LocalNews
Published_7 April 2022

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် သေနတ်ဖြစ်ပစ်ခတ်ခံရသည့် သတင်းမှာ မှန်ကန်ကြောင်း သက်ဆိုင်ရာက အတည်ပြုပါတယ်။

 

“ မှန်ပါတယ်။ နေအိမ်မှာပစ်ခတ်ခံရတာပါ။တစ်ဦးတည်းပါ" ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ၏မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“ သူဟာ အခု တပ်မတော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ဒဏ်ရာက မစိုးရိမ်ရပါဘူး" လို့ ဗိုလ်ချူပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။

 

ယနေ့ ဧပြီ ၇ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ ဒေါ်သန်းသန်းဆွေကို သူ၏နေအိမ်တွင် အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/mt
#Yangon_Media_Group