#LocalNews
Published_ 6 April 2022

 

မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ်အမေရိကန်နိုင်ငံသား Mike DeNoma အနားယူပြီး သူ့နေရာမှာ မြန်မာလူမျိုးထဲက ကမ္ဘောဘဏ်ရဲ့ အဆင့်မြင့်အရာရှိကြီးဖြစ်တဲ့ ဦးဇော်လင်းအောင်က အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ်က ယမန်နေ့က ကြေညာပါတယ်။

 

ဦးဇော်လင်းအောင်မှာ KBZ Pay ကို တာဝန်ယူထားသူဖြစ်ပြီး ကမ္ဘောဇဘဏ်မှာ ၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ကမ္ဘောဘဏ်က ဆိုပါတယ်။ သူသည် KBZ Pay အား စတင်အကောင်အထည်ဖော်ရာတွင် ဦးဆောင်ပေးခဲ့သူဖြစ်ပြီး ဘဏ်၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် အဓိကကျသည့်နေရာ၌ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

 

ကမ္ဘောဇဘဏ်အနေဖြင့် Cash Account အသစ်ဖွင့်လှစ်မှုတွင် မကြာသေးမီက မြန်မာကျပ်ငွေ ၁ ထရီလီယံကျော် ထပ်တိုးရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မိုဘိုင်းပိုက်ဆံအိတ်လုပ်ငန်းကဏ္ဍမှာ KBZPay ကနေ ငွေလွှဲပြောင်းမှုဟာ မတ်လအတွင်း Transaction ၅၈ သန်းကျော်နဲ့ စုစုပေါင်း ငွေကျပ် ၄.၃ ထရီလီယံကျော်အထိ သုံးစွဲသူများအတွက် ငွေလွှဲဝန်ဆောင်မှုပေးအပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_