#LocalNews
Published - 30 March 2022

 

ကော့ကရိတ်မြို့အနီးက ကော့နွဲကွေ့အနီးမှာ(၂၂)ဘီးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ကားခေါင်းအတွင်းပိတ်မိနေသူတစ်ဦးကို ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

 

"မြဝတီတက်လာတဲ့ ၂၂ ဘီးယာဉ်တစ်စီး ကော့နွဲကွေ့မှာတိမ်းမှောက်ကြောင်း သတင်းရတာနဲ့ ကျွန်တော်တို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ထွက်ခွာပြီး ခေါင်းထိခိုက်ထားသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ကားခေါင်းအတွင်း ဝဲဘက်လက်ညှပ်ပိထားသူတစ်ဦးကိုလည်း ကရိန်းအကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။"လို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ ဒီကနေ့ မတ်လ ၃၀ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့တာဖြစ်ပါတယ်။

 

ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးရှိ အဆိုပါ ကော့နွဲကွေ့ဟာ ယာဥ်တိမ်းမှောက်မှုတွေ အများဆုံးဖြစ်ပွားရာ ကွေ့တစ်ခုဖြစ်သည့်အတွက် မော်တော်ယာဥ်များ သွားလာရာမှာလည်း အထူးဂရုပြုသွားလာကြဖို့ကိုလည်း ဒေသခံလူမှုကူညီရေးအသင်းတွေက အသိပေးနှိုးဆော်ထားကြပါတယ်။

 

ဓါတ်ပုံ - ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့

 

ymg/kg
#Yangon_Media_Group