#LocalNews
Published - 30 March 2022

 

စစ်ကိုင်းတိုင်းအတွင်းက ပရဟိတအသင်းများအနေနဲ့ မြို့တွင်းလမ်းကြောင်းများကိုသာ အများဆုံးကူညီပို့ဆောင်ပေးနေပြီး နယ်ဝေးလမ်းကြောင်းပို့ဆောင်မှုများကိုတော့ အခြေအနေအရပ်ရပ် ကြောင့် လက်ရှိကာလမှာ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

 

အဆိုပါ နယ်ဝေးလမ်းကြောင်းပို့ဆောင်မှုများကို စက်သုံးဆီစျေးနှုန်းကြီးမြင့်လာမှုနှင့် နယ်မြေ ဒေသအခြေအနေများကြောင့် ရပ်နားထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

 

"အခက်အခဲတွေကြားက လုပ်နေရတာပေါ့။ ပရဟိတလုပ်ရတဲ့ အခြေအနေက မြို့တွင်းလောက်ပဲ
ပို့ဆောင်ပေးနိုင်တယ်။ အဝေးတွေကျ မသွားနိုင်သလိုအဲ့ဒီနယ်ဝေးလမ်းကြောင်းတွေကျ မသွားရဲဘူးလေ။

 

တစ်ခါတစ် လေ အ ရေး ပေါ်လူနာ တွေ ဘာ တွေရှိလာရင် တော့ အသည်းအသန်ဆိုရင် တော့ လှည့်ပတ်လုပ်ရတာ ပေါ့။ အဆင် ပြေ အောင် တော့လုပ် ပေးရတာ ပေါ့။
ပြောရရင် နယ် မြေ ဒေသ အ ခြေအ နေက လုံခြုံမှုမရှိဘူး ပေါ့။"လို တမူးမြို ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

 

လက်ရှိကာလမှာလည်း အလှူရှင်ရှားပါးမှုနဲ့ စက်သုံးဆီစျေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် ပရဟိတလူမှုကူညီရေးအသင်းတွေအနေနဲ့ ရပ်တည်ရန်ခက်ခဲလာကြပြီး အချို့လူမှုကူညီရေးအသင်းများအနေနဲ့ ကူညီလုပ်ဆောင်ပေးမှုတွေကို ရပ်နားထားရတယ်လို့လည်း သိရပါတယ်။

 

"နယ်မြေအခြေအနေ ဒေသအခြေအနေကိုပဲကြည့်ပြီး ပို့ဆောင်ပေးနေရတာပေါ့။ကျွန်တော်တို့က တော့ ကူညီပေးနိုင်သလောက် ဆက်လက်ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒီကာလမှာ ပရဟိတအသင်းတွေအနေနဲ့ ရပ်တည်ဖို့ခက်ခဲတာအမှန်ပါပဲ ဒါပေမယ့် ပြည်သူတွေက အကူအညီ တောင်းခံလာတော့လည်း ကူညီပို့ပေးရမှာ ကျွန်တော်တို့တာဝန်ပါ။ ဘယ်လမ်းကြောင်းမဆို ပို့နိုင် အောင်ပဲ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။"လို့ မုံရွာမြို့အခြေစိုက်ပရဟိတသမားတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ymg/kg
#Yangon_Media_Group