#LocalNews
Published - 28 March 2022

 

ဈေးကွက်အတွင်း ရောင်းချလျက်ရှိတဲ့ အသားလုံး၊ အသားချောင်းအမျိုးမျိုးတို့ကို ဈေးကွက်အတွင်းမှ စစ်ဆေးခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလမှ မတ်အထိ စားသုံးဖို့မသင့်တဲ့ အသားလုံး၊ အသားချောင်း အမျိုးအစား ၂၁ မျိုးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Benzoic Acid ကို သတ်မှတ်ပမာဏာထက် ပိုမိုသုံးစွဲခဲ့တဲ့ Thailand , PS-Food, Thai Star Barbnd, K& P PS-Food, TSP, B4 New, ဖွန်းစဝမ်း၊ B.B, ကြက်ဘီဘီ၊ JSP Food, TRK, Top GP စတဲ့အမှတ်တံဆိပ်တွေ ပါဝင်ပါတယ်။

 

ဒါ့အပြင် Sorbic Acid ကို သတ်မှတ်ပမာဏာထက် ပိုမိုသုံးစွဲခဲ့တဲ့ P&J, Al CHENG စတဲ့ အမှတ်တံဆိပ်တွေကနေထုတ်လုပ်တဲ့ မာလာကျက်အူချောင်း၊ ကြက်သားကြက်အူချောင်းတို့ကို မစားသုံးဘူးလို့ ထုတ်ပြန်ထားပါတယ်။

အစားအသောက်တွေကို စားသုံးမိပါက ကလေးသူငယ်တွေ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ လတ်တလောမှာ မျက်လုံးနဲ့ အရေးပြားယားယံတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်ဗိုက်ဗိုက်နာဖြစ်တာတို့ကို ခံစားရနိုင်တဲ့အပြင် ရေရှည် အစားအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်တာ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

 

ဖြန့်ဖြူးရောင်းချသူများအနေနဲ့ ထုတ်ပြန်ထားတဲ့ အစားအသောက်တွေကို ဖြန့်ဖြူးရောင်းချမပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူမယ်လို့ အသိပေးကြေညာထားပါတယ်။

 

ymg/ei
#Yangon_Media_Group