#LocalNews
Published - 28 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ပုပ္ပါးလမ်းတွင် ၀င်းဌေး မောင်းနှင်ပြီး ဝေဖြိုးအောင် နှင့် ရဲမင်းထွန်း(ခ)စောတင်မောင် တို့လိုက်ပါလာသော Toyota VITZ အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၀င်းဌေး ကိုင်ဆောင်ထားသည့် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၉,၉၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် ၀င်းဌေး (၃၆)နှစ်၊ ဝေဖြိုးအောင်(၂၄)နှစ် နှင့် ရဲမင်းထွန်း(ခ)စောတင်မောင်(၃၄)နှစ်တို့အား ရန်ကင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group