#LocalNews
Published_27 March 2022

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းအနီးတွင် အထပ်မြင့်ဈေးတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း YMG ကို ပြောသည်။

စစ်တွေအမှတ် ၁ ရဲစခန်းဘေးပတ်ပတ်လည်မှ ဖယ်ရှားခံရသည့် ဆိုင်ခန်းများကို ဦးစားပေးနေရာချလိုသောကြောင့် ၄၅ ပေ ၊ ပေ ၃၃ဝ ကျယ်ဝန်းသော မိဇံပန်းခြံအနီး ကမ်းနားလမ်းရှိ မြို့လယ်ချောင်းဘေးတွင် အဆိုပါဈေးကို အမြန်ဆုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

"စစ်တွေအမှတ် ၁ ရဲစခန်း ဘေးပတ်ပတ်လည်မှာရှိတဲ့ ဈေးဆိုင်ခန်း ၈၀ လောက်ကို ၂၀၁၉ ခုနှစ်က ဖယ်ရှားခဲ့တာ။ဒါကြောင့် ဆိုင်ခန်းပိုင်ရှင်တွေ အမြန်ဆုံးပြန်ပြီးတော့ ဆိုင်ခန်းတွေမှာ စနစ်တကျရောင်းနိုင်အောင်လို့ တည်ဆောက်ဖို့လုပ်နေတာပါ၊တစ်နှစ်အတွင်း အပြီးဆောက်ဖို့ ရည်မှန်းထားတယ်"ဟု ဦးသန်းထွန်းက ပြောသည်။

အဆိုပါဈေးကို အကျိုးတူတည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တင်ဒေါခေါ်ယူခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်မည်ဟု ပြောဆိုခဲ့သော်လည်း ယခုတိုင် မတည်ဆောက်နိုင်သေးဘဲ ရှိနေခြင်း ဖြစ်သည်။

 

Photo Crd - Ko Win Kyaw
ymg/mt
#Yangon_Media_Group