#LocalNews
Published - 26 March 2022

 

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဒေသခံများအတွက် နည်းပညာသင်တန်းပေးမှုများအား ဆင့်ပွားဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ဆင့်ပွားသင်တန်းပေးမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စံပြဥယျာဉ်ခြံအတွင်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ ဖြိုးရေးစင်တာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းကနေ ဒေသခံများအတွက် နည်းပညာသင်တန်းပေးမှုများကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့အပြင် လန်ချန်း- မဲခေါင်နိုင်ငံအသီးသီးနှင့်အတူ နည်းပညာဖလှယ်ခြင်း၊ အတွေ့အကြုံမျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်ပြီး ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်း အရည်အသွေးမြင့်မားလုပ်ငန်းတွင်ကျယ်ရေးကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

အဆိုပါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ထောက်ပံ့မှုဖြင့် “သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာမျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ရန် ခေတ်မီစံပြပျိုးခင်းနှင့် ပျိုးရုံတည်ထောင်ခြင်း” စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ymg/kg
#Yangon_Media_Group