#LocalNews
Published - 20 Mar 2022


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့ နယ်၊ ရွှေပြည်သာမြို့နယ်တို့ တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ဆေးဝါးနဲ့တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။

မတ်လ ၁၉ ရက်နေ့ နံနက်၁၁နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်း အဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့ နယ်၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းတွင် လမ်းလျှောက်လာသူ အောင်နိုင်သူ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပေါ်ပေါက်ချက်အရ မွန်းတည့်၁၂နာရီ၃၀မိနစ်အချိန် ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံမြို့ သစ်၊ (၁၄) ရပ်ကွက်ခွဲ၊ တကောင်း(၁)လမ်းရှိနေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း) တို့ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးအဆိုပါနေ့ ၁နာရီ မိနစ်၄၀အချိန် ရွှေပြည်သာမြို့ နယ်၊ (၂၀)ရပ်ကွက်(သံဒင်း)၊ ပေါ်တော်မူလမ်းနေ တင်ကိုကျော် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ‌ ဒေါ်ဝေဝေထွန်း အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၇၇၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၇.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ၃နာရီအချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်မြင့် အားရွှေပြည်သာမြိုနယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အောင်နိုင်သူ(၃၈)နှစ်၊ တင်ကိုကျော် (၃၃) နှစ်၊ ဒေါ်ဝေဝေထွန်း(၆၀)နှစ်နှင့် ကျော်မြင့် (၃၇)နှစ်တို့ အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်များရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm