#LocalNews
Published -20 Mar 2022
မတ်လ ၂၀ရက်နေ့ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ရာအိမ်မှူးဟောင်းတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကနေသိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့ နံနက်၁၁နာရီအချိန်ခန့်က သန်လျင်မြို့.နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ပါရမီလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာပစ်ခတ်ခံရသူမှာ ဗိုလ်ချုပ်ကျေးရွာနေသူ ရပ်ကွက်ရာအိမ်မှူးဟောင်းဦးထွေးသိန်းဆိုသူဖြစ်ကာစက်ဘီးစီးလာစဥ် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

'စစ်ဆေးချက်အရ ရာအိမ်မှူးဟောင်းတစ်ဦးဖြစ်ပါတယ်။ သေနတ်ဒဏ်ရာသုံးချက်ရရှိပြီးသေဆုံးသွားပါတယ် ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးထွေးသိန်း တွင် ယာတင်ပါး ဖောက်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ခါးဖောက်ထွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တာဖြစ်ပြီးပစ်ခတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group