#LocalNews
Published_ 20 March 2022


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက် နေသော အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA ချေးငွေ ဖြင့် အတ္ထရံတံတား အသစ်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အတ္ထရံတံတားအသစ်တည်ဆောက်ရေး စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊ ချဉ်းကပ်တံတား (၁၅၄) မီတာ၊ တံတားအပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပါတယ်။

ချဥ်းကပ်တံတား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့်တည် ဆောက်ထားသော နှစ်ခန်းဆက်ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။
တံတား အကျယ် ၂၀ ဒသမ ၇ မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလ ၃၉ လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။

နစကကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် အဆိုပါတံတားသစ် တည်ဆောက်ရေး စီမံကိန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group