#LocalNews
Published - 20 Mar 2022
၂၀၂၂-ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမယ့်တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများအနေနဲ့ ဖြေဆိုခွင့်ကတ်ပြားတွေကို မတ်လ ၂၄ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမယ့် ကျောင်းသား/ ကျောင်းသူများသည် မိမိတို့ ၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၂-ခုနှစ်၊ မတ်လ ( ၂၄ )ရက် ကြာသပတေး နေ့မှစတင်ထုတ်ယူနိုင်ပြီးအခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့ ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမယ်လို့ သိရပါတယ်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမှာဖြစ်သလိုကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group