#LocalNews
Published - 20 Mar 2022

ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမ ရွှေကျင်သာသနာပိုင်၊ မရမ်းကုန်းမြိုနယ်၊ ဝိဇ္ဇောတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ အာရာမိဿ မူလအာဒိကမ္မိက ကျောင်းတိုက်တည်ဆရာတော်ကြီး၊အဘိဓဇမဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးသက်တော် {၉၃} နှစ်၊သိက္ခာဝါတော်{၇၃}ဝါ သည် ယနေ့ ၁၃၈၃ - ခုနှစ်တပေါင်းလပြည့်ကျော် ၄ရက်၊ ၂၀၂၂ခုနှစ် မတ်လ ၂၀ရက်တနင်္ဂနွေနေ့၊ နံနက် ၂နာရီ ၁၂မိနစ်အချိန်တွင် တစ်ဘဝခန္ဓာ ချုပ်ငြိမ်းကာပျံ လွန်တော်မူသွားပြီဖြစ်ကြောင်းတပည့် သံဃာတော်တွေဆီကနေသိရပါတယ်။

ပန္နရသမ( ၁၅ )ပါးမြောက်၊ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တ ဝိဇ္ဇောတမဟာထေရ်သည် မွန်ပြည်နယ်၊ မုဒုံမြို့ ၊ စာစင်ရပ်၊ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထား တို့ မှ ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း ( ၇ ) ရက် ဗုဒ္ဓဟူးနေ့ တွင် ဖွားမြင်တော်မူကာ၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ တွင် မုဒုံမြို၊ စာစင်ရပ်၊ ကျောင်းဝိုင်းကျောင်းတိုက်၊ ဆရာတော် ဥုးဇဝန ကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရှင်သာမဏေအဖြစ်သိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

၁၃၁၁ ခုနှစ် နယုန်လဆန်း ( ၈ ) ရက်နေ့တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ် ကံသာကျောင်းသစ်ကျောင်း သီလဝိသောဓနီ သိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော် ဥူးဇဝန ကိုပင် ဥပဇ္ဈာယ် ပြု၍ ရန်ကုန်မြို့ ၊ မောင်ခိုင်လမ်း၊ ဘုံဘေဘားမား ပရိဘောဂတိုက် ပိုင်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန် တို့ ၏ ပစ္စယာနုဂ္ဂဖြင့် မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်ခဲ့ကာမုဒုံမြို့ ၊ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော် ဥူးဇဝန၊ မော်လမြိုင်မြို့ ၊ မဟာမြိုင်ရွှေကျင်ကျောင်းတိုက် ဆရာတော် ဥူးရေဝတ၊ မြောင်းမြမြို့ ၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ တိုက်အုပ်ဆရာတော် ဥူးဉာနိက စသော ဆရာတော်တို့ ထံ၌ ပညာသင်ကြားခဲ့ပါတယ်။

၁၃၁၈ ခုနှစ်တွင် သာသနာ့ဓဇသိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ၊ ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်မှ Dip.BD ဘွဲ့ ၊ ၁၃၅၃ ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့ ၁၃၅၄ ခုနှစ် တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊ ၁၃၆၀ ခုနှစ်တွင် ပရိယတ္တိသာသနာဟိတဓရ ဘွဲ့ တို့ ရရှိခဲ့ပါသည်။ မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ပါဠိတက္ကသိုလ်ကထိက၊ ရန်ကုန်မြို့ ၊ ဝိဇ္ဇောတာရုံ စာသင်တိုက် ကိုတည်ထောင်၍ ပဓာနနာယကဆရာတော်အဖြစ် သက်တော် ( ၈၇ ) အထိ စာပေကျမ်းဂန်များကို ပို့ ချခဲ့ပါတယ်။

ဆရာတော်သည် ပါဠိတက္ကသိုလ်ကထိက၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး ပထမအကြိမ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့ ဝိနည်းဓိုရ် ( ရွှေကျင်)၊ ဒုတိယအကြိမ်၊ တတိယအကြိမ် မရမ်းကုန်းမြို့ နယ် သံယနာယကအဖွဲ့ ( ရွှေကျင်) ဥက္ကဋ္ဌ၊ ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သလိုဧကူနဝီသတိမ( ၁၉ - ကြိမ်မြောက်) ရွှေကျင်နိကာယသံယာ့ အစည်းအဝေးကြီး၌မူ " ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ” ဟူသော ဘွဲအမည်ဖြင့် ရွှေကျင်ဂိုဏ်းကြီး၏ အဆင့်အမြင့် ဆုံး အာဏာပိုင်အဖွဲ့ တွင် ပါဝင်ခွင့် ရခဲ့ပြန်ပါတယ်။

၁၃၇၈ ခုနှစ် တပို့ တွဲလဆုတ် ( ၇ ) ရက်နေ့တွင် ရွှေကျင်ဂိုဏ်းကြီး၏ အကြီးအကဲ " ရွှေကျင်နိကာယ ဓိပတိဥက္ကဋ္ဌ မဟာနာယက ” ပန္နရသမ ( ၁၅ ) ပါး မြောက် ရွှေကျင်သာသနာပိုင် အဖြစ်တင်မြှောက်ခြင်းခံရကာသာသနာ့အကျိုး သည်ပိုးဆောင်ရွက်တော်မူသဖြင့် နိုင်ငံတော်အစိုးရက ၂၀၁၈ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ymg/hm
#Yangon_Media_Group