မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ၊ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအပါအဝင် လူမှုရေးပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လိုရာဖြည့်ပရဟိတအဖွဲ့ ယာဉ်တစ်စီးမှာ ယနေ့ မွန်းလွဲပိုင်းက သိမ်ဇရပ်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ ရှော့တိုက်မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပရဟိတအဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးကျော်ကိုကိုကပြောပါတယ်။

အဆိုပါပရဟိတယာဉ် မိုင်းခွဲခံခဲ့ရတာကြောင့် ယဉ်ထိခိုက်မှုပျက်စီးမှုရှိခဲ့ပြီး ယာဉ်ပေါ်ရှိ ပရဟိတလုပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
"ခုလောလောဆယ်တော့ ဘာမှဆောင်ရွက်ထားတာ မရှိဘူးဗျ၊ သိချင်တာက ဘာကြောင့်ဒီလိုလုပ်တာလည်း ဆိုတာပဲသိချင်တယ် တခြားမှတ်ချက်မပေးလိုပါဘူး"ဟု ဦးကျော်ကိုကိုကပြောသည်။

လိုရာဖြည့် ပရဟိတအဖွဲ့ကို ဓမ္မဒူတ ဆရာတော်ဒေါက်တာ အရှင်မာဃိန္ဒ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး သိမ်ဇရပ်မြို့မှာ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့သိရပါတယ်။

#Yangon_Media_Group