Published - 18 March 2022

 

၂၀၂၂- ၂၀၂၃  ယခုဘဏ္ဍာရေးနှစ်တွင်း ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ လျားထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တာပါ။

သဘာဝဘေးအန္တရာယ်အတွက် ဗဟိုအဆင့်မှာ ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တို့အတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း ယခုနှစ်နည်းတူ ငွေကျပ်ဘီလီယံ ၂၀ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ ထည့်သွင်းလျာထားတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

သာမန် အသုံးစရိတ်အပိုင်းမှာ ဝန်ထမ်းသစ် ခန့်ထားတာတွေ ပါဝင်ပြီး စက်သုံးဆီသုံးစွဲတာတွေကိုလည်း အထူးစိစစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် လာမယ့် ဧပြီလက စတင်ပြီး အစိုးရက ခံစားခွင့်ပြုထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စက်သုံးဆီ သုံးစွဲခွင့်ပြုတာတွေကို လျော့ချသွားမယ်လို့ ကြေညာထားပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းမှာလည်း ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ၅ နှစ် စီမံကိန်းလုပ်ငန်းတွေ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစီမံကိန်းတွေနဲ့ မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေ ဆောင်ရွက်ဆဲစီမံကိန်းတွေအနက် ဦးစားပေးအဆင့်လိုက် ခွဲခြားစိစစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် ချေးငွေ၊ ထောက်ပံ့ငွေ အမှန်ရရှိသုံးစွဲနိုင်မယ့် လုပ်ငန်းတွေကိုသာ ဦးစားပေးလျာထားခွင့်ပြုပေးခဲ့ပြီး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အသုံးစရိတ်တွေကို စိစစ်လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ymg/ei