#Local_News
Published_ 18 March 2022

 

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကန်ထရိုက်မှတ်ပုံတင် ထုတ်ပေးထားသည့် ကုမ္ပဏီပေါင်း ၁,၈၁၈ ခု ရှိပြီး သက်တမ်းတိုးရန်လိုအပ်သော ကုမ္ပဏီများအနေဖြင့် သက်တမ်းတိုးဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များရဲ့ လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုတဲ့ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင်များ ထုတ်ပေးထားခြင်းဖြစ်ပါတယ်။

 

တင်ဒါခေါ်ယူသော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကန်ထရိုက်မှတ်ပုံတင်လက်မှတ်ရရှိပြီးသော ကုမ္ပဏီစာရင်းကိုသိရှိစေရန်၊ အတုအပမပြုလုပ်နိုင်ရေး တိုက်ဆိုင်စစ်ဆေးနိုင်ရန်နှင့် မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးနေသော ကုမ္ပဏီများကို သိရှိနိုင်ရန် အသိပေးကြေညာထားခြင်း ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် စာရင်းများအရ အရည်အသွေးစစ်ဆေးရေး (QA/QC) ၇၆ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာအကြံပေး (Consultant) ၂၆ ခု၊ အင်ဂျင် နီယာပညာရပ်နှင့် ဝန်ဆောင်မှု (Service) ၃၂ ခု၊ တည်ဆောက်ရေး (Construction) ၁,၆၃၂ ခု၊ အဓိကတည်ဆောက်ရေးပစ္စည်းများပေးသွင်းခြင်း (Trading) ၅၂ ခု၊ စုစုပေါင်း ကုမ္ပဏီ ၁,၈၁၈ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန်ထရိုက် မှတ်ပုံတင်ထုတ်ပေးထားပြီး တည်ဆောက်ရေးကုမ္ပဏီအများစုမှာ သက်တမ်းတိုးရန် ကျန်ရှိနေကြောင်းသိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group