#LocalNews
Published - 17 March 2022

 

ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့အနီး(ရန်ကုန်မှအလာ ပထမကွေ့ )အနီးတွင် ဆီဘောက်ဆာယာဥ် တစ်စီးအရှိန်လွန်တိမ်းမှောက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အနီးရှိ လူနေအိမ်နှစ်လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီကနေ့(မတ်လ ၁၇)ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါမီးလောင်မှုကို ငြိမ်းသတ်လျက်ရှိနေပါတယ်။

 

"ပြွန်တန်ဆာမြို့ ရန်ကုန်မှအလာ ပထမကွေ့ မှာပါ။ဆီဘောက်ဆာအရှိန်လွန်တိမ်းမှောက်ပီး မီးလောင်နေတာပါ။ ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ရာမှ အနီးရှိနေအိမ်နှစ်လုံးပါ မီးကူးစက်မှုဖြစ်ပွားခဲ့ပါတယ်။"လို့ ယင်းမီးလောင်မှုဖြစ်စဥ်အား တွေ့မြင်ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှု မည်မျှရှိခဲ့သည်နှင့် ထိခိုက်ဒဏ်ရာရမှု ရှိ၊မရှိကိုတော့ ယခုအချိန်အထိ မသိရှိရသေးပါဘူး။

 

Photo - CJ

ymg/kg
#Yangon_Media_Group