#LocalNews
Published - 12 March 2022

 

မြစ်ကြီးနားမြို့ ၊ အောက်မော်ဖောင်းကျေးရွာ၊နယ်မြေ(၃)တွင် ဒီက နေ့ မတ်လ(၁၂)ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုကို မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတာပါ။

 

မီးလောင်မှုဟာ နံနက် ၉ နာရီ ၄၇ မိနစ်မှာ စတင်ခဲ့ပြီး နံနက် ၉ နာရီ ၅၇ မိနစ် အချိန်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ယင်းမီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့သိရပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group