#LocalNews
Published - 12 March 2022

 

အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ၄ နှစ်အရွယ်နှင့် ၁၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဥ်တစ်ခု ဝမ်းတွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးဟာ ဝမ်းတွင်းမြို့နယ်၊မြောက်ဆယ်ရွာကျေးရွာတွင် နေထိုင်ကြသူများဖြစ်ပါတယ်။

 

"ကလေးတွေက ထန်းရည်အချိုဝယ်သောက်ကြတာလို့ပြောတယ်။ ထန်းရည်ချို ဝယ်သောက်တော့ သူတို့ယူသွားတဲ့ဘူးထဲကို ထန်းရည်ချိုတွေ လှယ်ထည့်ပေးတာပေါ့။ ကလေးငယ်တွေရဲ့ အိမ်ကပြောပြရသလောက်ကတော့ ကလေးတွေယူသွားတဲ့ ဘူးက
မသန့်ဘူးလို့ ပြောပါတယ်။ ဘူးထဲမှာ အဆိပ်ဖြစ်စေနိုင်မယ့် တစ်ခုခုရှိနိုင်မယ်ပေါ့။ အဲ့ဒီလို အစာအဆိပ်သင့်တာလို့ သိရပါတယ်။ မိန်းကလေးက ၄ နှစ်၊ ယောကျ်ားလေးက ၁၆ နှစ် မောင်နှမ တွေပေါ့၊ ကျွန်တော်တို့အသင်းကို အကြောင်းကြားလို့ ကျွန်တော်တို့ အသင်းက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။"လို့ ဝမ်းတွင်းမြို့နယ်ရှိ သန္တိသုခပရဟိတ(နာကူ)အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အစားအဆိပ်သင့်မှုဖြစ်ပွားပြီး သေဆုံးခဲ့ရသည့်မောင်နှစ်မနှစ်ဦး၏ (DB)များကိုလည်း ဝမ်းတွင်းရင်ခွဲရုံမှ ကျေးရွာနေအိမ်သို့ သန္တိသုခပရဟိတ(နာကူ)အသင်းမှ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

Photo - သန္တိသုခပရဟိတ(နာကူ)အသင်း။

 

ymg/kg
#Yangon_Media_Group