#Local_News
Published_ 8 March 2022

 

ဒီကနေ့ မတ်လ ၈ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)က (၉၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲ ပေးခဲ့ကြောင်း သိရပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

အဆိုပါလေယာဉ်ဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်မှ (၁၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသား (၃၆) ဦး၊ စုစုပေါင်း (၅၂) ဦးတို့ လိုက်ပါသွားကြောင်း သိရပါတယ်။

 

လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။

 

ymg_mnn
#Yangon_Media_Group