#LocalNews
Published - 7 March 2022

 

ဝန်အားထိန်းညှိလျော့ချမောင်းနှင်သည့် ကာလအတွင်း အပိုင်းလိုက် အချိန်ပိုင်းအလိုက် လျှပ်စစ်ဓါတ်အားများကို ဖြန့်ဖြူးပေးမှာဖြစ်လို့ပြည်သူများအနေနဲ့ မစိုးရိမ်ကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့(မတ်လ ၇)ရက်တွင် သတင်းထုတ်ပြန် ခဲ့ပါတယ်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အများပြည်သူသို့ပန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါ ပန်ကြားချက်တွင် ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ဖို့ ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ ရေအောက်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်တွေ သွယ်တန်းရန်ရှိတဲ့အတွက် မဂ္ဂါဝပ် ၁,၃၀၀ ကျော် လျော့နည်းရရှိမယ့်အခြေအနေရှိပြီး အဲ့ဒီရက်ပိုင်းအတွင်း အချို့နေရာတွေမှာ ၂၄ နာရီ ဝန်အားလျှော့ချခြင်းတွေရှိလာမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

 

အဆိုပါ ထုတ်ပြန်ချက်အပေါ်တွင် ပြည်သူလူထု၏ ဝေဖန်ချက်မြင့်တက်လာခဲ့ပြီးနောက် ဒီကနေ့မှာ ထပ်မံ၍ ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ဝန်အားထိန်းညှိလျော့ချမောင်းနှင်မည့်ကာလဖြစ်သည့် ယခု မတ်လ(၁၂)ရက် နေ့မှ (၁၈)ရက်နေ့အတွင်း အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း ယနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

 

ဓါတ်ပုံ - လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။

ymg_kg
#Yangon_Media_Group