#LocalNews
Published - 7 March 2022

 

IBEC -ဆရာတော်ဒေါက်တာအရှင်သောဘိတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ-ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်)သည် ဥရောပတိုက်နယ်သာလန် Stichting IBEC ကျောင်းတော်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ငြိမ်းချမ်းရေးခရီးစဥ်အဖြစ် ဆက်လက်ကြွချီသွားပြီဖြစ်တယ်လို့ သိရပါတယ်။

 

ထိုင်းနိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဥ် ကြွချီသွားခဲ့တဲ့ IBEC -ဆရာတော်ဟာ ယနေ့ မတ်လ(၇)ရက်နေ့၊ဒေသစံတော်ချိန် နေ့လည်(၂)နာရီ(၅)မိနစ်အချိန်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

ထိုင်းနိုင်ငံတွင် ဒီကနေ့ မတ်လ ၇ ရက် နေ့မှ ၁၀ ရက် နေ့ အထိ နေထိုင်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်တက္ကသိုလ်အကြီးအကဲများဖြင့် တွေ့ဆုံဆွေးနွေးပြီး တက္ကသိုလ်နှစ်ခုကြား နားလည်မူစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥ ရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများကိုလည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။

ymg/kg
#Yangon_Media_Group