#BreakingNews
Published -6 Mar 2022
မတ်လ ၆ရက်နေ့ ယနေ့ နံနက်ပိုင်းကမြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ လူနာတင်ယာဥ်တစ်စီး လူနာသွားရောက်ပို့ဆောင်ပြီးအပြန် မိုင်းထိတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းထိခိုက်ဒဏ်ရရှိထားတယ်လို့ ကနဦးသိရပါတယ်။

"မိုင်းထိတဲ့နေရာကိုကျွန်တော်တို့ ခုသွားနေပါတယ်ဗျ ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးယာဥ်မောင်းတော့ထိခိုက်ထားတယ်"ဟု အသင်းဥက္ကဌဦးစိန်ကိုကိုကပြောပါတယ်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁နာရီခန့်ကမုံရွာ ဘုတလင်လမ်း ကံသစ်ကျေးရွာအနီး လူနာတင်ယာဉ် တစ်စီး လူနာပို့ အပြန် မိုင်းထိကာ ယာဉ်မောင်းတစ်ဦး ညပ်နေကြောင်း သတင်းရတာကြောင့်ကယ်ဆယ်ရေးယာဉ်တစ်စီး ထွက်ခွာလျှက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group