#LocalNews
Published_6 March 2022
ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထိုင်းနိုင်ငံကို သွားရောက်သူများ ထပ်မံဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ရဲစခန်းများတွင် ရောက်ရှိနေကြကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဗဟိုက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် မော်လမြိုင် ၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် တို့မှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်လိုသူများက အကျိုးဆောင်များအား တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ထိ ပေးဆောင်ကာ သွားရောက်ရာတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်က ထိုင်းနိုင်ငံ ပကျွတ်စီရီခန်ပြည်နယ် အောင်နွဲခရိုင် အတွင်း တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၇ ဦး ကိုလည်းကောင်း၊ဗန်းနမ်းကျုံရွာ အောင်နွဲခရိုင် ပကျွတ်စီရီခန်ပြည်နယ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၇၄ ဦး ၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၁၉ ဦး ကိုလည်းကောင်း ၊ ဗန်းအူလောင်ရွာ ထောင်ဖာဖုံခရိုင် ကန်ကျနဘုရီပြည်နယ်အတွင်း တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး ၊ အမျိးသမီး ၂ ဦး စုစုပေါင်း ၁၉ ဦး တို့ကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အနေဖြင့် ဘန်ကောက် စမွတ်စခေါင် စမွတ်ပကန် ချွန်ဘုရီ စလဘုရီ လယောင် ပကျွတ်စီရီခန် ခရိုင်သို့ သွားရောက်ရန် စီစဉ်နေချိန်တွင် ဖမ်းဆီးမိခြင်းဖြစ်ပြီး ကိုဗစ်စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း၊ယခုအခါ သက်ဆိုင်နီးစပ်ရာဒေသခရိုင်ရဲစခန်းတွင် ဖမ်းဆီးပို့ဆောင်ထားကြောင်း သိရသည်။

ymg/mt
Yangon_Media_Group