Published 2 March 2022

နစကက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေထဲက ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ လူမင်း နေအိမ်ကိုပြန်ရောက်နေပြီလို့  ရုပ်ရှင်လောကသားတစ်ဦးက YMG  ကို အတည်ပြုပြောဆိုပါတယ်။

“ကိုလူမင်း အိမ်ကိုပြန်ရောက်နေပြီလို့ သူ့ဆွေမျိုးသားချင်းတစ်ဦးက ပြောပါတယ်” လို့ အဲဒီသူက ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ဇနီးမောင်နှံ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့လည်း နေအိမ်တွေပြန်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်။

နစကက အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊လူမင်း၊ပြေတီဦး၊အိန္ဒြာကျော်ဇင်တို့ကို သူတို့ကျခံစရာရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး Blogger ဝင်းမင်းသန်းကို သူမကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေထဲက ရာဇသတ်ကြီးပုဒ်မ၅၀၅-က ဖြင့် ကျခံရန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့်ဒါရိုက်တာဝိုင်းကိုတော့ သူ့အပေါ်အရေးယူထားတဲ့ ပြစ်မှုကို ပိတ်သိမ်းပေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။