#LocalNews
Published - 26 Feb 2022

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှာ တောမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ တောမီးလောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမဖြစ်စဥ်မှာ ယင်းနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်မှာ မော်လမြိုင်မြို့၊တောင်ဝိုင်းရပ်၊ တက္ကသိုလ်ကျောင်းဝန်းထဲရှိ ချုံနွယ်ပိတ်ပေါင်းများနှင့် မြက်ခြောက်များ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ဒုတိယဖြစ်စဥ်ကတော့ ယင်းနေ့ နေ့လည် ၃ နာရီခွဲအချိန်ခန့်မှာ မော်လမြိုင်မြို့၊ တောင်ဝိုင်းလေယာဉ်ကွင်းတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

 

ယင်း တောမီးလောင်ကျွမ်းမှုကို မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မောင်ငံမီးသတ်စခန်းနှင့် မြိုင်သာယာမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး၊ရေဘောက်ဆာ(၁)စီး တို့နှင့်အတူ ဘိုဘိုဝင်း(Rescue)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရာမည
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်လူမူကယ်ဆယ်ရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီးနှင့် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ။

 

ymg/kg
#Yangon_Media_Group