#LocalNews
Published - 25 Feb 2022

 

နိုင်ငံတစ်ဝှန်းလုံးရှိ နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ(Home Isolation) ကျန်းမာရေးပညာရှင်များကို တိုက်ရိုက်မေးမြန်းနိုင်မည့် ဖုန်းနံပါတ်များ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

ကိုဗစ်အတည်ပြုလူနာများအနေနဲ့ ရောဂါနဲ့ပတ်သက်ပြီး တာဝန်ကျဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်ရေးအတွက် အထူးကုဆရာဝန်နဲ့ ဆေးပညာရှင်များပါရှိတဲ့အဖွဲ့(Teleconsultation Team)တွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တွေမှာ ဖွဲ့စည်းထားပါတယ်။

 

အဆိုပါပညာရှင်အဖွဲ့တွေထံ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ၂၄ နာရီ ပိတ်ရက်မရှိဆက်သွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုအတွက် (Teleconsultation Team) ကို ပထမဦးဆုံး ဖွဲ့ခဲ့ပြီးနောက်ပိုင်းမှာ နေပြည်တော်နဲ့ မွန်ပြည်နယ်တို့မှာပါ Teleconsultation Team ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ထပ်မံ ကြေညာခဲ့ပါတယ်။

 

ymg/ei
#Yangon_Media_Group