#LocalNews
Published - 25 Feb 2022


အရှိန်မထိန်းနိုင်သည့်ကားက ဆိုင်ကယ်အား တိုက်ပြေးမှုကြောင့် ဆိုင်ကယ်စီးလာသူ တစ်ဦးသေဆုံးခဲ့ပြီးတစ်ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တစ်ခု မုံရွာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့( ဖေဖော်ဝါရီ ၂၅)ရက်တွင် မုံရွာ -မန်းလေးလမ်း ချောင်းဦးမြို့အဝင် "စိုး" ဆီဆိုင်အနီး
တွင် ကားတစ်စီမှ ဆိုင်ကယ်တစ်စီးအား တိုက်ပြေးသဖြင့် ဒဏ်ရာရ လူနာ(၂)ဦး ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်း ပေးပို့လာသဖြင့် မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူအား ချောင်းဦး မီးသတ်တပ်ဖွဲ့ နဲ့အတူ ချောင်းဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မုံရွာဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)

ymg/kg
#Yangon_Media_Group