#Local_news
Published_ 22 Feb 2022

 

တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၅၆ ဦးအား ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၉၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၄ နာရီခွဲခန့်တွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၄) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇) ဦး၊ စုစုပေါင်း (၅၆) ဦးတို့ စီးနင်းလိုက်ပါခဲ့ပါတယ်။

 

လိုက်ပါမယ့် ခရီးသည်များ လေဆိပ်မှာ အခက်အခဲတစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group