#LocalNews
Published -20 Feb 2022

တောင်ကြီး-မိုင်းပြင်း ပြည်ထောင်စု ကားလမ်းမပေါ်မှယာဥ်စီး ချောက်ထဲထိုးကျကာ လူတစ်ဦးသေဆုံးမှုဖြစ်စဥ်ယနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာဖေဖော်ဝါရီလ ၂၀ရက်နေ့ ယနေ့ မွန်းလွဲ ၁နာရီ ၁၀မိနစ် အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်း ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၄/၄)တွင် VIGO အမျိုးအစား (အနက်ရောင်)ယာဉ်သည် ပေ(၅၀) ခန့်အနက်ရှိသော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဥ်တိမ်းမှောက်မှု သတင်းအရ မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)ကို မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group