#LocalNews
Published_ 19 Feb 2022

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ယာဉ်ကုမ္ပဏီများအား ပြေးဆွဲနေသည့်ယာဉ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

 

အဆိုပါထုတ်ပြန်ချက်တွင် YBS ခရီးသည်တင်ယာဉ်မောင်းများအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး မောင်းနှင်စေရန်၊ ယာဉ်ပေါ် အတက်/အဆင်းတိုင်း လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန်၊ YBS ခရီးသည်တင်ယာဉ် စီးနင်းမည့်ခရီးသည်အား (Mask) တပ်ဆင်ထားမှသာ စီးနင်းခွင့်ပြုရန်၊ YBS ခရီးသည်တင်ယာဉ်များ တစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန်၊ လေဝင်/လေထွက်ကောင်းမွန်စေရန်အတွက် ကားပြတင်းပေါက်များအား တတ်နိုင်သမျှဖွင့်၍ မောင်းနှင်စေရန်၊ ခရီးသည်များအား ခရီးစဉ်တလျှောက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်၍ စီးနင်းစေရန်၊ ခရီးသည်များ စီးနင်းမှုများပြားသည့် နံနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန်များတွင် YBS ယာဉ်များအား ခပ်စိပ်စိပ်စေလွှတ်သွားရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

 

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် YBS ယာဉ်လိုင်း-၁၁၈လိုင်း၊ ယာဉ်စီးရေ-၂,၇၅၂စီး၊ ခရီးသည်-၅၁၄,၉၄၃ဦး ရှိပြီး၊ ရန်ကုန်မှ အဝေးပြေးခရီးသည်ယာဉ်လိုင်း-၁၈၁လိုင်း၊ ယာဉ်စီး ရေ-၄၆၂စီး၊ ခရီးသည်-၅,၂၈၄ဦး ရှိတယ်လို့ YRTC ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

YRTC အနေဖြင့် YBS မှတ်တိုင်များနှင့် ကားများပေါ်တွင် Mask များကို ဝေငှမှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

 

ymg_mnn
#Yangon_Media_Group