#LocalNews
Published - 17 Feb 2022

 

ဆီသယ်ယာဉ်တစ်စီး အရှိန်လွန်တိမ်း မှောက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မွန်းလွဲပိုင်းအချိန်က ဝမ်းတွင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီကနေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၃၃၅/၆)နှင့်(၃၃၅/၇)အကြားတွင် ဆီသယ်ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ဆီသယ်ယာဉ်တိမ်း မှောက်ရာသို့ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရပြီး တိမ်းမှောက်သည့်ယာဉ် ဆီယိုစိမ့်ပြီး မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရမှုလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group