မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မားလာနေသလို ကမ္ဘာနိုင်ငံအသီးသီးမှာလည်း အဆိုပါကပ်ရောဂါဆိုးအန္တရာယ်ဆက်လက်ရင်ဆိုင်နေရတာကြောင့် မြန်မာနိုင်ငံတွင်းကိုလာရောက်ကြမယ့် ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာယာယီကန့်သတ်ချက်နဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းဆင်းသက်ခြင်း ယာယီကန့်သတ်ချက်တွေကို သက်တမ်းတိုးမြှင့်လိုက်တယ်လို့သိရပါတယ်။